သရက်ချောင်း သြဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်၊ Booster Dose များကို ရာနှုန်းပြည့်ထိုးနှံနိုင်ရန် ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော ပြည်သူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသူများ၊ (ဒုတိယအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆) လပြည့်ပြီးသူများအား Booster Dose ကို ဆက်လက်ထိုးနှံပေးပြီး ရဟန်းသံဃာများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သားကြီး (သရက်ချောင်း)