ကရသူရိ ဩဂုတ် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် တစ်ပိုင်တစ်နိုင် ငှက်ပျောခြံစိုက်ပျိုး၍ ငှက်ပျောသီးစျေးကွက်ကောင်းမွန်သဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ငှက်ပျောပင်ကို ဇွန်လပိုင်းတွင်စတင်စိုက်ပျိုးပြီး (၈-၁၀)လအကြာတွင် အခိုင်စတင်ထွက်ရှိကြောင်းကို “ကျွန်တော်တို့ နယ်ဘက်မှာက တော့ ငှက်ပျောကို သိပ်ဂရုတစ်စိုက် ပြုစုစရာမလို ဘူး။ တစ်ခြားနှစ်ရှည်ပင်စိုက်ပျိုးရန်အတွက် သူ့ကိုနေကာအဖြစ် ကြားညှပ်စိုက်ပျိုးကြတယ်။ တောရိုင်းမြေဖြစ်တဲ့အတွက် မစိုက်ခင်မီးရှို့ထားရလို့ မြေကတော့ မြေဩဇာကောင်းပြီးသားဖြစ်တယ်။အဓိကစိုက်ပျိုးတာတော့ သီးမွှေးခွံဝါ၊ ရွှေနီ၊ ဖီကြမ်း၊ ရခိုင်ငှက်ပျော၊သီးမွှေးခွံ့စိမ်းနှင့် ဝက်မလွတ်တွေကိုစိုက်ပျိုးထားပါတယ်။ ငှက်ပျောသီးတစ်ဖီကို ယခင်က(၄၀၀)ကျပ်သာရရှိ တယ်။ ခုက(၇၀၀)ထိရနေတော့ ငှက်ပျောခိုင်(၃)ခိုင်ခုတ်ရောင်းတာနဲ့ ဝင်ငွေ(၁၀၀၀၀)ကျော်ရရှိနေပြီး တစ်နေ့တာမိသားစုကို ကောင်းကောင်းဖူလုံတာပေါ့”ဟု ငှက်ပျောစိုက်ပျိုးသူခြံပိုင်ရှင် တစ်ဦးကပြောသည်။
ငှက်ပျောပင်မှ ငှက်ပျောသီးအပြင် ငှက်ပျောဖူးနှင့် ငှက်ပျောပင်နုများသည်လည်း ဘတ်စုံအသုံးဝင်လျက်ရှိပြီး လတ်တလောဝင်ငွေရရှိသည့် အပင်အမျိုးအစားဖြစ်၍ မြန်မာနိုင်ငံအနှံ့အပြားနှင့် နေရာဒေသမျိုးစုံတို့တွင် ငှက်ပျောပင်ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)