ကော့သောင်း သြဂုတ် ၁၆
ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း အစီအစဉ်တစ်ရပ် ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်အတွင်း သန္ဓေတပ်ဖွဲ့ဝင်များ စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့မှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်မှုဖြင့် သန္ဓေတပ်ဖွဲ့ဝင်များက ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေမင်းဝံ၄လမ်းတစ်လျောက် လမ်းဘေးဝဲယာ စည်ပင်သာယာနယ်မိတ် လမ်းနယ်ပေါ်သို့ ကျူးကျော်ပေါက်ရောက်လျက်ရှိပြီး သွားလာနေကြသည့် အများပြည်သူအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် သစ်ပင်ကြီးများနှင့် လမ်းနယ်နမိတ်နှင့် မလွတ်ကင်းသည့် သစ်ပင်များအားခုတ်ထွင်ရှင်းလင်းခြင်း၊ သတ်မှတ် အမှိုက်စွန့်ပစ်ရာသို့ ပို့ဆောင်စွန့်ပစ်ပေးခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)