ကျိုင်းလပ် ဩဂုတ် ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီခွဲက စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “ကြီးပွားလိုလျှင်စိတ်ကိုပြင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် “ကြီးပွားလိုလျှင်စိတ်ကိုပြင်” စာအုပ်တွင် စိတ်ဆင်းရဲလေလူဆင်းရဲလေ၊ စိတ်အောက်ကျလေ လူအောက်ကျလေ၊ စိတ်ထားပျက်လေလူပျက်လေ၊ စိတ်ထားမကောင်းရင်တော့ ဆင်းရဲအောက်ကျ၊ ရေးသားထားသည့် အလွန်ကိုအဖိုးတန်သည့် စာအုပ်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club) အသင်း၀င် ဦးစိုးကိုကိုမှ ဦးဆောင်၍ စာရေးဆရာသုတေသီဘုန်းမြင့်သွေး “ကြီးပွားလိုလျှင်စိတ်ကိုပြင်” စာအုပ်ထဲမှ “ဆင်ခြင်တုံတရား” ခေါင်းစဉ်နှင့် ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသော စာအုပ်စာပေချစ်မြတ်နိုးသူအသင်း အဖွဲ့များမှလည်း အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
မေဇင်ဦး(ပြန်/ဆက်)