တံတားဦးမြို့ အခြေခံပညာအထက်တန်း ကျောင်းသား/သူများအား Mask များဖြန့်ဝေ

တံတားဦး ဩဂုတ် ၁၆

တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် Mask များဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အခြေခံ ပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ကြကြောင်း သိရသည်။

Mask များ ဖြန့်ဝေပေးရာသို့ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ တံတားဦးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများအား Mask များ အခမဲ့ ဖြန့်ဝေပေးကြသည်။ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားရေးအတွက် Mask များ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့်  အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေး၊  ဆပ်ပြာနှင့်ရေကို အသုံးပြု၍ လက်ဆေးခြင်းဖြင့် ကာကွယ်ရေး၊  ကိုဗစ်-၁၉ ရောဂါ ကို မိမိကစ၍ ကာကွယ်ရေး၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများတွေ့ရှိပါက သက်ဆိုင်ရာ ဆရာ/မထံသို့ သတင်းပို့ရေးနှင့်   ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ရန် လိုက်နာဆောင်ရွက်ရေးတို့အတွက် Mask များ ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်ထံမှ သိရသည်။

တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား တစ်ဦးလျှင်(၂)ခုနှုန်းဖြင့် ကျောင်းသား/ သူပေါင်း (၁၂၃၂) ဦးအား Mask ခုရေ (၂၄၆၄) ခုအားလည်းကောင်း၊ မြို့မအခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား/ သူပေါင်း (၄၁၉) ဦးအား Mask ခုရေ (၈၂၄) ခုအား ဖြန့်ဝေပေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရဲတင့်