ပုဗ္ဗသီရိမြို့နယ်၌ မသန်စွမ်းအသိပညာပေးဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ ဩဂုတ် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနကကြီးမှူးကျင်းပသည့် မသန်စွမ်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက "လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့" ဆောင်ပုဒ်အတိုင်း နိုင်ငံ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့်ဆွဲဆောင်စည်းရုံးပြီး စနစ်တကျပြန်လည်ပြုစုပျိုးထောင်ရန်၊ မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များ ဘဝမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နိုင်စေရန်၊ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းက မသန်စွမ်းရှေ့လုပ်ငန်းစဉ်များအတွက် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မသန်စွမ်းအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မသန်စွမ်းသူများ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)