ခရမ်း ဩဂုတ် ၁၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ခရမ်းချောင်းအတွင်း ယမန်နေ့နံနက် ၈ နာရီအချိန်က ငါးသားပေါက်အကောင်ရေ (၁၀)သိန်းအား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစာသုံးမှု မြင့်မားလာစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပေးရာတွင် ခရမ်းချောင်းအတွင်း လေးထောင့်ကန်စခန်းမှ ထိုင်းငါးခုံးမငါးသားပေါက်အကောင်ရေ (၃၅၀၀၀၀) နှင့် ရွှေဝါ (၁၅၀၀၀၀)၊ လှော်ကား စခန်းမှ ငါးမြစ်ခြင်းအကောင်ရေ( ၅၀၀၀၀၀) စုစုပေါင်းငါးအကောင်ရေ (၁၀)သိန်းအား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ရန်ကုန်တောင်ပိုင်းခရိုင် ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်၊ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ရဲ၊ အဖွဲ့၀င် (၁)ဗိုလ်မှူး ကျော်ဇင်သန့်နှင့်အဖွဲ့၀င်များ၊ ခရမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး တင်ထွန်းနှင့် ဌာန၏ဆိုင်ရာများ၊ ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင့် ၀န်ထမ်းများ၊ လေးထောင့်ကန်စခန်း တာ၀န်ခံ ဒေါ်သင်းသင်းခိုင်နှင့် ၀န်ထမ်းများက ခရမ်းချောင်းအတွင်းသို့ ငါးသားပေါက်များ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)