ညောင်ဦးခရိုင် ပြန်/ဆက်ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများသို့ စာပေဟောပြောပွဲနှင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်ပြသ

ညောင်ဦး ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများသည် ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသား/သူများ ကျောင်းပညာသင်ဘာသာရပ်များသာမက ပြင်ပစာပေဗဟုသုတရရှိစေရန်ရည်ရွယ်လျက် ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)သို့ စာပေဟောပြောပွဲနှင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး ပညာပေးနံရံကပ်စာစောင်ပြသပေးခြင်းတို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဇင်ယုခိုင် (စာကြည့်တိုက် တာဝန်ခံ)ဦးဆောင်သော ဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)သို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းကာ စာပေနှင့်အနာဂတ်ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများအား ပညာပေးဟောပြောဆွေးနွေးရာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအ တွင်းရေးမှူးချုပ်(ဟောင်း)ဦးသန့် ပြောကြားခဲသည့် စာဖတ်သည့်လူမျိုး တိုင်းတိုးတက်၍ တိုးတက်သည့်နိုင်ငံတိုင်း စာပေဖတ်ရှုကြကြောင်း၊ ငယ်စဉ်ကတည်းက စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့်အလေ့အထကောင်းများ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်စဉ်တည်းက စာဖတ်သည့်အလေ့အကျင့်ကို မွေးမြူထားသင့်ပါက လုပ်ငန်းခွင်ဝင်သည်အထိ စာပေဖြင့်မွေ့လျှော်ကြကာ အကောင်းအဆိုးဝေဖန်ပိုင်း ခြားနိုင်မည် ဖြစ်ကြောင်း၊ စာပေဖတ်ခြင်းဗဟုသုတနှင့် ပြင်ပဗဟုသုတအတွေ့အကြုံများက ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကာ နောင်အနာဂါတ်တွင် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတော်ရဲ့အနာဂါတ်အတွက် အရေးကြီးသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်လာမည်ဖြစ်ကြောင်း ဟောပြောဆွေးသည်။ ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့စာကြည့်တိုက်အသင်းဝင်ကတ်များပြုလုပ်ပေးပြီး စာအုပ်၊ စာပေများငှားရမ်းပေးခြင်း၊ ကျောင်းတွင်းစာဖတ်ဝိုင်းပြုလုပ်ခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး ပညာပေးနံရံကပ်စာစောင်များပြသပေးခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ