လဲချားမြို့နယ်တွင်  အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ဒုတိယအကြိမ်ထိုးနှံပေး

လဲချား သြဂုတ် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပါသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပထမအကြိမ်ထိုးနှံပြီးသော ကျောင်းသား၊‌ ကျောင်းသူများအား ဒုတိယမကြိမ်အဖြစ် ထိုးနှံပေးရာတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးအား စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)