မိုင်းငေါ့ ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒုလဝကမှူး ဦးခမ်းရီမှမိုင်းငေါ့မြို အခြေခံပညာအထက်တန်းကျောင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူ ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်(၁၀) နာရီအချိန်က အဆိုပါ အ.ထ.က ကျောင်းရှိ ကျောက်စိမ်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဦးခမ်းရီက ပန်းခင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများလွယ်ကူလျင်မြန်စွာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အသက်(၁၀)နှစ်ပြည့် နိုင်၃(က) ကျား(၁၀)ဦး၊ မ(၉)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်၆(က) ကျား(၃)ဦး စုစုပေါင်း(၂၂)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)