ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာကြံ့ခိုင်စေရန် ပြိုင်ပွဲများကျင်းပ

ရှမ်းရွာသစ် သြဂုတ်  ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက်အား ကစားပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများကျောင်းစာတွင် သာမက အဖက်ဖက်တွင် ထူးချွန်သောကလေးများ ဖြစ်လာစေရန်ရည်ရွယ်၍ မူလတန်းအဆင့် ကျောင်းသား/သူ(၂၀)ဦးတို့က ဘောလုံးနောက်ပစ်ပြိုင်ပွဲနှင့် ဘောလုံးပစ်ပြိုင်ပွဲတို့ကို စိတ်ဝင် စားစွာယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုချီးမြှင့်၍ပြိုင်ပွဲဝင်သူများအားလုံးကို လက်ဆောင်များပေးပြီး အာဟာရဖြစ်စေရန် မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)