ကျောက်ပန်းတောင်းမြို့နယ် မြင်သာကျေးရွာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုပွဲကျင်းပ

ကျောက်ပန်းတောင်း  ဩဂုတ်  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြင်သာကျေးရွာအုပ်စု၊ မြင်သာကျေးရွာအခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းစုဝေးခန်းမမှာ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ပညာရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ မြင်သာကျေးရွာ အ.ထ.က (ခွဲ)ကျောင်းအုပ်ဆရာကြီး ဦးမြင့်စိန်က ကျေးဇူးတင်စကားပြောကြားပြီး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအကျိုးတော်ဆောင်ရပ်မိရပ်ဖများက ဆုများအသီးအသီးပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါဂုဏ်ပြုချီးမြှင့်ရာတွင် မြင်သာကျေးရွာ အ.ထ.က(ခွဲ)ကျောင်း အကျိုးတော်ဆောင်အဖွဲ့မှ ချီးမြှင့်ခြင်းဖြစ်ပြီး၊ အခြေခံပညာအထက်အောင်မြင်သူ တစ်ဦးလျှင် ဂုဏ်ပြုငွေကျပ် (၄၀၀၀၀)နှုန်းချီးမြှင့်ခြင်းဖြစ် ကြောင်းနှင့်စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၀)ဦးအတွက် ငွေကျပ်(၈၀၀၀၀၀) ချီးမြှင့်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ယင်းနောက် ဆုရကျောင်း သား၊ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးနှင့် ကျောင်းသားမိဘများကိုယ်စား ရပ်မိရပ်ဖတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရပြီး၊ အဆိုပါ မြင်သာကျေးရွာအ.ထ.က(ခွဲ)တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို၊ ကျောင်းသား/ကျောင်းသူ(၁၉)ဦးဝင်ရောက်ဖြေဆိုခဲ့သည့် အနက်(၁၂)ဦး အောင်မြင်ခဲ့ကြပြီး၊ ကျေးရွာမှအခြားကျောင်းများသို့ တက်ရောက်အောင်မြင်ခဲ့ကြသူ(၈)ဦးနှင့် စုစုပေါင်း (၂၀)ဦးတို့အား ချီးမြှင်ခြင်းဖြစ်ကြောင်းသိရပြီး၊ အဆိုပါ အောင်မြင်သူများ အနက် (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၀)ဦးပါဝင်ကြောင်းသိရသည်။

အဆိုပါ ဂုဏ်ပြုအခမ်းအနားသို့ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ မြို့နယ်ပညာ ရေးမှူးဒေါ်မော်မော်၊ ကျောင်းအုပ်ဆရာကြီး ဦးမြင့်စိန်နှင့်ဆရာ/ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၂၃၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)