လားရှိုး ဩဂုတ် ၁၅
(၂၃)ကြိမ်မြောက်မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို လားရှိုးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန့်နေ့ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ဆုရရှိသူများကို လားရှိုးမြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
လားရှိုးမြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ အဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၈)ဦး၊ အကပြိုင်ပွဲတွင် (၁၆)ဦး၊ အတီးပြိုင်ပွဲတွင် (၆)ဦး စုစုပေါင်း (၄၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြိုင်ပွဲကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းမှစတင်ယှဉ်ပြိုင်ခဲ့ကြပြီး လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ လားရှိုးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက တက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)