တပ်ကုန်းမြို့၌ ဂျီအီးစီးပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နှင့်၂၀၂၁-၂၀၂၂ Mini Budget နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

တပ်ကုန်း ဩဂုတ် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဂျီအီးစီးပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ Mini Budget နှစ်ပတ် လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် ဆရာကြီး ဦးခင်မောင်လွင်က သဘာပတိ(ဥက္ကဋ္ဌ)အဖြစ် ဆောင် ရွက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးအောင်အောင်ဌေးတို့က ငွေချေးသမဝါယမအသင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒါရိုက်တာအဖွဲ့ဖြစ် တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့်၂၀၂၁-၂၀၂၂ Mini Budget နှစ်ချုပ်စစ်ဆေးချက်အစီရင်ခံစာ၊ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၊ နှစ်ချုပ်စာရင်းစစ်ဆေးချက်အစီရင်ခံစာများကို ဖတ်ကြားရှင်းလင်းပြီးနောက် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင့်ခဲ့သော အသင်းသားများ၏ သားသမီးများကို သုံးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၂)ဦးတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုပညာရေးငွေစု၊ ငွေချေးသမဝါယမအသင်းကို ၁၉၉၄ ခုနှစ်မှ စတင်တည်ထောင်ခဲ့၍ အသင်းသူ၊ အသင်းသား(၆၀၀)ဦးရှိပြီး၊အသင်းမှ အသင်းသူ၊ အသင်းသားများ၏ စုငွေအပေါ်မူတည်၍ လေးဆနှုန်းပြန်လည်ထုတ်ချေးပေးခဲ့ပြီး၊ ထူးချွန်သားသမီးများအား ပထမဆုံးအကြိမ်ဂုဏ်ပြု ဆုငွေပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်