ပြင်ဦးလွင် ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ယူအေဘီဘဏ်တွင် ရေကြီးနစ်မြုပ် ဒဏ်ခံခဲ့ရသည့် ရပ်ကွက်ကြီး ၄၊ ရပ်ကွက်ကြီး ၇ နှင့် ရပ်ကွက်ကြီး ၈ ရှိပြည်သူများအား ဆန်လှူဒါန်းမှုများကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
UAB ဘဏ်တည်ထောင်ခြင်း ၁၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ဖေးမကူညီ ယူအေဘီ” အမည်ဖြင့် အဆိုပါဆန်လှူဒါန်းမှုတွင် ၃ ပြည်ဝင် ဆန်အိတ် ၃၇၅ အိတ်အား ပြင်ဦးလွင်ဘဏ်ခွဲရှိ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန်လှူဒါန်းမှုများကို အမြို့မြို့အနယ်နယ်ရှိ ယူအေဘီ(UAB)ဘဏ်ခွဲများတွင် တစ်ပြိုင်နက်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်နှစ်များကလည်း အလားတူလှူဒါန်းမှုများအား နှစ်စဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြူလူသစ်