သာကေတမြို့နယ်တွင် စျေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိ

သာကေတ    သြဂုတ်   ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ နေထိုင်ကြသည့် မိဘပြည်သူများစားသုံးဆီကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီမံဆောင်ရွက်မှုဖြင့် Six Winner Brothers Oil Co.,Ltd မှတာဝန်ခံနှင့် အဖွဲ့ဝင်များသည် စားသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့အရောက် သက်သာသော နှုန်းထားတို့ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချေပေးလျက်ရှိရာမှ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် ၁/အနော်မာရပ်ကွက်နှင့် ၁/ထူပါရုံ ရပ်ကွက်၊ ၂/ မြောက်ရပ်ကွက်များရှိ ပြည်သူ(၁)ဦးလျှင် စားအုန်းဆီ(၁)ပိဿာ ငွေကျပ် (၃၇၀၀/-)နှုန်းဖြင့် ဝယ်ယူနိုင်ရေး ရောင်းချပေးခဲ့သည်။

ယင်းသို့စားသုံးဆီများအား လူတစ်ဦးလျှင်(၁)ပိဿာနှုန်းဖြင့် သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ခုအား ရောင်းချပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် ရပ်ကွက်(၉)ရပ်ကွက်ကိုလည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)