ရန်ကင်းမြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၆၆/၆အား Software Program ရေးသွင်းခြင်းလုပ်ငန်းများအားဆောင်ရွက်  

ရန်ကင်း သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)ကို Software Program ထည့်သွင်းဆောင်ရွက်နေမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် ခရိုင်လဝကမှူးတို့မှ  ယမန်နေ့နံနက် (၁၀)နာရီအချိန်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအိမ်ထောင်စုလူဦးရေစာရင်းရေးသွင်းရာ၌ နိုင်-၄ ကိုယ်ရေးအချက်အလက်များကို အခြေခံကာ အခြေခံမဲဆန္ဒရှင် စာရင်းများပြုစုရာတွင် တိကျမှန်ကန်သော စာရင်းများ ရရှိနိုင် ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)အား e-ID စနစ်ဖြင့် Software Program ထည့်သွင်းခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သတ်မှတ် ကာလအတွင်း အောင်မြင်စွာ ရေးသွင်းနိုင်ရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များက လိုအပ်သည်များအား ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ e-ID စနစ်ဖြင့် Software Program ထည့်သွင်းရာတွင်ရန်ကင်းမြို့နယ်အတွင်း၌ အိမ်ထောင်စုပေါင်း (၁၉၆၀၃)စုရှိရာ ဩဂုတ်လ ၁၃ ရက်နေ့အထိ အိမ်ထောင်စု (၉၇၁၃)စုအား ထည့်သွင်းဆောင်ရွက်ပြီးဖြစ်၍ (၄၉.၅၅%) ပြီးစီးပြီဖြစ်ပါကြောင်းနှင့် ကျန်ရှိနေသေးသော အိမ်ထောင်စု(၉၈၉၀)စု၊ ၅၀.၄၅%အား သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။  

အိရွှေစင်(ပြန်/ဆက်)