ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် စားသုံးဆီများ mobile ဈေးကားဖြင့် လာရောက်ရောင်းချပေး

ဒဂုံမြောက် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ ရပ်ကွက်‌နေပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် Diamond Dragon Co.,Ltd မှ ယနေ့ နံနက်ပိုင်းက  (၄၁)တိုးချဲ့ရပ်ကွက်ဦးဝိစာရလမ်းမ၌ စားအုန်းဆီများအား လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်း ရှင်များအသင်းမှ စီစဉ်မှုဖြင့် Diamond Dragon Co.,Ltd မှ လာရောက် ရောင်းချပေးသော စားအုန်းဆီ တစ်ပိဿာလျင် ၄၂၀၀/- ကျပ်နှုန်းဖြင့် ပြည်သူများအား  ရောင်းချပေးရာ ရပ်ကွက်နေပြည်သူများမှ စနစ်တကျ ဝယ်ယူနိုင်ရန် ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ