ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌  ကျောင်းကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေး

ဒဂုံမြောက် ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁၈) အခြေခံပညာ မူလတန်းကျောင်းတို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျန်းမာရေးစစ်ဆေးပေးမှုများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်စန်းစန်းဦးနှင့် အဖွဲ့ဝင်များက ကျောင်းသားကျောင်းသူ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ သွားနှင်ခံတွင်းစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး စနစ်တကျသွားတိုက်နည်းကို သရုပ်ပြလေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ