သာကေတမြို့နယ်ရှိ ပတ္တမြား(အခမဲ့)ကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါးများနှင့် ဆေးဝါးအထောက်အကူပြုပစ္စည်းများလှူဒါန်း

သာကေတ သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁၀၈)တောင်စေတီတော်အနီးရှိ ပတ္တမြားစာသင်တိုက်ခွဲတွင် ဖွင့်လှစ်ထားသည့် ဆရာတော်များ ဦးစီးသော ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ဖြစ်သည့်” ပတ္တမြားအခမဲ့ကုသိုလ်ဖြစ်ဆေးခန်း”သို့ ဆေးဝါးများနှင့်ဆေးဝါး အထောက် အကူပြု ပစ္စည်းများကိုတတိယအကြိမ် လှူဒါန်းပေးအပ်ခြင်းကို ယနေ့နံနက်(၁၁:၃၀)အချိန်က အဆိုပါဆေးခန်း၌ ပြုလုပ်ခဲ့သည်။ အလှူရှင်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ အမှတ်(၁၀၂)နေ ဦးအောင်ကျော် ဓမ္မသုခပရဟိတမိသားစုက ပတ္တမြားအခမဲ့ ကုသိုလ်ဖြစ်ဆေးကုခန်းတွင် လိုအပ်လျက်ရှိသည့် ငွေကျပ်(၁၀၆၄၂၀၀/-) တန်ဖိုးရှိစား ဆေး၊ ထိုးဆေးနှင့်ဆေးဝါးအထောက် အကူပြုပစ္စည်းများကို တတိယအကြိမ်အဖြစ် ပေးအပ်လှူဒါန်းခဲ့ရာ ပတ္တမြား အခမဲ့ကုသိုလ် ဖြစ်ဆေးခန်း(အမြဲတမ်းဆရာဝန် )ဒေါက်တာကျော်ဇင်ဝင်းနှင့် တာဝန်ခံ ဦးနိုင်မိုးတို့က လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

အလှူရှင် ဦးအောင်ကျော်ဓမ္မသုခပရဟိတမိသားစုသည် (၈-၅-၂၀၂၂)ရက်နေ့၌ ငွေကျပ် (၁၀၂၀၀၀/-)တန်ဖိုးရှိ ဆေးဝါးများအား ပထမအကြိမ်အဖြစ်လည်းကောင်း၊ (၄-၇-၂၀၂၂)ရက်နေ့၌ ငွေကျပ်(၁၀၁၃၃၀/-)တန်ဖိုးရှိ ဆေးဝါးများကို ဒုတိယအကြိမ်အဖြစ် လည်းကောင်း လှူဒါန်းဒါန်းခဲ့ပြီး ယခုအခါတတိယအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်သည်။

အဆိုပါပတ္တမြား အခမဲ့ကုသိုလ်ဖြစ် ဆေးကုခန်းအား(၉-၈-၂၀၁၃)ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့်တနင်္ဂနွေနေ့များတွင် နံနက်(၁၀:၀၀)နာရီမှ မွန်းလွဲ (၂:၀၀)နာရီအထိ အထွေထွေရောဂါများ၊ သားဖွားနှင့် မီးယပ်၊ သွားရောဂါများကို ကျွမ်းကျင်ဆရာဝန်ကြီးများ ကိုယ်တိုင်အခမဲ့ကုသပေးလျက်ရှိပြီး ဆေးဝါးနှင့် အလှူငွေများ လှူဒါန်းလိုပါက ဥက္ကဋ္ဌ ဦးကျော်မြင့်(ဂန္ဓာမာစာသင်ဝိုင်း)ဖုန်း-၀၉၂၅၀၄၉၅၀၂၁၊ အတွင်းရေးမှူး ဒေါ်မိုးမိုး(ချစ်ဝိုင်းရေခဲမုန့်) ဖုန်း-၂၅၄၄၉၈၂၅၁ နှင့် တာဝန်ခံ ဦးနိုင်မိုးဖုန်း-၀၉၂၅၉၂၅၉၇၀၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)