ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသရေးစင်တာ (Quarantine Centre) ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်

ဒဂုံတောင် သြဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁၄၅)ရပ်ကွက်ရှိ အောင်မြင့်မိုရ် အိမ်ရာတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ကုသရေးစင်တာ ပြန်လည်ဖွင့်လှစ်နိုင်ရေး  ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၁၄၅)ရပ်ကွက်၊ အောင်မြင့်မိုရ်အိမ်ရာဝင်းအတွင်း  ခြုံနွယ်သစ်ပင်များ၊ မြက်ပင်များခုတ်ထွင်ခြင်း၊ အမှိုက်များ ရှင်းလင်းဖယ်ရှားခြင်းနှင့် မော်တော်ယာဉ်များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့်နေရာသို့ သွားရောက်စွန့်ပစ်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ ရှင်းလင်း၍ အမှိုက််များ ဆယ်ယူရှင်းလင်းခြင်း၊ တိုက်ခန်းအတွင်း/အပြင် ရှင်းလင်းခြင်းနှင့်ကုတင်များ နေရာချထားပေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ စုစုပေါင်းအင်အား (၂၁၈)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ပြင်ဆင်ဆောင်ရွက်နေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကျော်စွာမိုး (ဒဂုံတောင်)