မိုင်းပျဉ်းမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

မိုင်းပျဉ်း  သြဂုတ်  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ယမန်နေ့က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မိုင်းပျဉ်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ (၂)နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများ ထောက်ပံ့ရာတွင် မိုင်းပျဉ်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးသီဟဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များက မိုင်းပျဉ်းမြို့နယ်၊ လွယ်လုံကျေးရွာအုပ်စု၊ ခမ်းမိုက်ဆော့ကျေးရွာမှ လေဘေး သင့်ခဲ့သည့် လူနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀/−၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ငွေကျပ် ၆၃၀၀/− ၊ စုစုပေါင်း ငွေကျပ် ၁၀၆၃၀၀/− နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)