လောင်းလုံးမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်း အသင်းပေါင်းစုံ အသက်(၁၈)နှစ်အာက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

လောင်းလုံး  သြဂုတ်  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က အ-ထ-က၊ ကမြောကင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ လောင်းလုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၊  မြို့နယ်စီမံအဖွဲ့ ဝင်( ၁)ဗိုလ်မှူးရဲမင်းထွန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးမှူး ဦးရန်နောင်လင်းနှင့်ဝန်ထမ်းများ၊ ဒိုင်အဖွဲ့များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုနှင့် ဒုတိယဆုရရှိသော အသင်းများအား တံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း၊ တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း တာဝန်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)