မိုးကောင်း ဩဂုတ် ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် သင်ကြားပေးသည့်ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီတွင် အထက(၁)ကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အထက(၂)ကျောင်းသား/ကျောင်းသူများမှ “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာ စကားပြောကြားသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၂၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၅၁)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၈၉)ဦးတို့အား ဆုအသီးသီး ချီးမြှင့် ခဲ့ကြောင်း သိရသည်။
မိုးကောင်းမြို့နယ်တွင် စာစစ်ဌာန(၃)ခု၌ ဝင်ရောက်ဖြေဆိုသူ(၁၀၉၀)ဦးရှိ၍ (၅၅၂)ဦးအောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း(၅၀)ဒဿမ(၆၄)ဖြစ်ပြီး ခရိုင်အဆင့်ပထမ၊ ပြည်နယ်အဆင့် တတိယ အောင်ချက်အကောင်းဆုံးရှိကြောင်း သိရသည်။
သန်လွင်ဦး(ပြန်/ဆက်)