ရွှေပြည်သာမြို့နယ်၌ ပြည်သူများအား စားသုံးဆီအဆင်ပြေစေရန် ဈေးနှုန်းသက်သာစွာ စားသုံးဆီလက်လီဈေးကားဖြင့် လာရောက်ရောင်းချ 

ရွှေပြည်သာ ဩဂုတ် ၁၄

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီစဉ်ဖြင့်Grand unity စားသုံးဆီကုမ္ပဏီလီမီတက်မှ ရွှေပြည်သာမြို့နယ်ရှိ ပြည်သူများ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစာသုံးနိုင်ရန် စားသုံးဆီလက်လီဈေးကားဖြင့် ယနေ့နံက်(၉)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၅)ရပ်ကွက် ကားလေးဂိတ်တွင် လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စားသုံဆီဈေးကားဖြင့် ရောင်းချပေးရာတွင် စာသုံးဆီတစ်ပိသာလျှင် (၃၇၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်ရှိပြီး ဝယ်ယူသူပြည်သူများ များသည့်အတွက် တစ်ဦးလျှင် (၅၀)သားနှုန်းဖြင့် ရောင်းချပေးနေရကြောင်းသိရသည်။

စားသုံးဆီရောင်းချရာတွင် အဆင်ပြေချောမွေ့စေရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နေမျိုးထွန်း