ဒေါပုံ သြဂုတ် ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများစုပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီ၌ ဗမာအေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဗညားဒလလမ်းထောင့် အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌမြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် ညအဖွဲ့များမှ ကြည့်ရှု့အားပေးကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မင်းအေး၏ စီမံကြီးကြပ် မှုဖြင့်ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး နှင့်ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ဗမာအေးရပ်ကွက်ရှိ အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်း ပတ်ဝန်းကျင်၌ အမှိုက်သရိုက်များ၊ ပေါင်းမြက်များ၊ ခြုံနွယ်များ အားရှင်းလင်းခြင်း၊ စာသင်ခန်းများ ဆေးဖြန်းခြင်းများကို ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး သန့်ရှင်းရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များမှ စုပေါင်း သန့်ရှင်း ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူဇာဝင်း (ပြန်/ဆက်)