လဲချားတွင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီနှင့် လုပ်ငန်းမိတ်ဆက်ရှင်းလင်းသည့် အခမ်းအနားကျင်းပ

လဲချား သြဂုတ် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်(၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီနှင့် လုပ်ငန်းမိတ်ဆက်ရှင်းလင်းသည့် အခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများ၏ သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ်ရှင်းလင်း​တင်ပြခဲ့ပြီး လိုအပ်ချက်များအား ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်  ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)