ရန်ကင်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆီကုန်သည်ကြီးနှင့် ဆီလုပ်ငန်းရှင်များအသင်းချုပ်တို့၏ အစီအစဉ်ဖြင့် ဆီများလာရောက် ရောင်းချ

ရန်ကင်း သြဂုတ် ၁၃

ရန်ကင်းမြို့နယ်တွင်  ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁) ရပ်ကွက်၊ ပြည်သာယာလမ်းတွင် ကုန်သည်စက် မှုအသင်းချုပ် အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ဆီကုန်သည် ကြီးများနှင့် ဆီလုပ်ငန်းရှင်များ အသင်းချုပ်တို့၏ အစီအစဉ်ဖြင့် ဆီများကို ရပ်ကွက်နေ ပြည်သူများ အဆင်ပြေစွာနှင့် သက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရန် လာရောက်ရောင်းချ လျက်ရှိကြောင်း သိရသည်။

ထို့နောက် စားသုံးသူပြည်သူများအနေဖြင့် စျေးသို့သွားရောက်ဝယ်ယူရန် မလိုအပ်သည့်အတွက် အချိန်ကုန် စျေးနှုန်းသက်သာစွာနှင့် ဝယ်ယူနိုင်သည့်အပြင် ဆီများကို စျေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးသည့်အတွက် စားသုံးသူပြည်သူများကို တစ်ဖက်တစ်လမ်းမှ ကူညီ ထောက်ပံ့ရာ ရောက်ပါကြောင်း    ဆီလာရောက်ဝယ်ယူသူ ပြည်သူတစ်ဦးမှ ပြောကြားခဲ့ ပါသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များအသင်းချုပ်တို့၏ စီအစဉ်ဖြင့် ဆီများကို လိုက်လံရောင်းချပေးလျက်ရှိရာ စျေးနှုန်း သက်သာစွာ အလွယ်တကူ ဝယ်ယူနိုင်သည့်အတွက် တာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်ပေးရကျိုး နပ်ပါကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲကိုလည်း ဖြေရှင်းပေးရာရောက်သဖြင့် ကုသိုလ်များ လည်းရရှိ၍ ကျေနပ်အားရမှုရှိပါကြောင်း ပြောကြားခဲ့သည်ကို သိရသည်။

သို့ဖြစ်ရာ လိုက်လံရောင်းချရာတွင် အဆင်ပြေမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာ ရေး အဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ပေါင်းစပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရှိသည်။

အိရွှေစင် (ပြန်/ဆက်)