ကျောက်မဲခရိုင်ရုံး ပြန်/ဆက်ဝန်ထမ်းများက ကျောက်မဲမြို့ အမက (၄) မူလွန်ကျောင်း တွင် Mobile Library နှင့် စာဖတ်ဝိုင်း ကွင်းဆင်း‌ဆောင်ရွက်

ကျောက်မဲ ဩဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသားကျောင်သူများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျောက်မဲမြို့၊ အမက (၄)‌ မူလွန် ‌ ကျောင်းတွင် Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများသည် သုတ၊ရသ၊ ကာတွန်းစာအုပ်များ၊ပုံပြင်စာအုပ်များ၊ ရုပ်ပြ အစရှိသော စာအုပ်ပေါင်း ၂၀၀ ကျော်ဖြင့် အဆိုပါကျောင်းသို့သွား ရောက်ပြီး အမက (၄) မူလွန်ကျောင်းရှိ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား စာအုပ်၊ စာစောင်များအား ငှားရမ်းပေးခဲ့ပြီး မူလတန်း KGအဆင့်ကလေးသူငယ်များ စာအုပ်စာပေနှင့်ရင်းနီးစေရန် ကလေးသူငယ်များစိတ်ဝင်စားမည့် ပုံပြင်များကိုလဲဖတ်ပြခဲ့သည်။

ကျောက်မဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနအနေဖြင့်   အကြောင်းအမျိုးမျိုး‌ကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်သား၊ ကျောင်းသူများအတွက် ၂ ပါတ်တစ်ကြိမ်နှုန်းဖြင့်  Mobile Library  ကွင်းဆင်း‌ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)