သိန္နီမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များ ကျန်းမာ ကြံ့ခိုင်စေရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်

သိန္နီ   ဩဂုတ်   ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ် ရိုက်ကူးထုတ်လွှင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်အတွက် သိန္နီမြို့အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသူလေးများက Physical Fitness Dance ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ်မှ ဒေသတွင်းနေထိုင်ကြသော လူငယ်များ ကျန်းမာရေးတွင် စိတ်ပါဝင်စားပြီး နိုင်ငံတော်တွင် ကျန်းမာသန်စွမ်းသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များအနေဖြင့် မူးယစ်စေသော ဆေးဝါးများသုံးစွဲခြင်းမှ ကာကွယ်ရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရိုက်ကူးခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို သိန္နီမြို့နယ် We Love Hseni Pageနှင့် သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)