မိုးသည်းထန်စွာဆက်လက်ရွာသွန်းခဲ့မှုကြောင့် လင်းခေးနမ့်တိန်းချောင်းရေတက်လာကာ ကမ်းနံဘေးရှိ ရပ်ကွက်နေအိမ်အချို့ရေနစ်မြှုပ်ခြင်း ဖြစ်ပေါ်

လင်းခေး ဩဂုတ် ၁၃

သြဂုတ်(၁၁)ရက်ညက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် လင်းခေးမြို့ နမ့်တိန်းချောင်းရေ တက်လာခဲ့ကာ၊ အဆိုပါချောင်း ကမ်းနံဘေးအနီးရှိ ရပ်ကွက်လူနေအိမ်အချို့ ရေနစ်မြှုပ်‌ခဲ့ကြောင်း သိရသည်။

အဆိုပါရေတက်လာသည့် အခြေအနေမှာ မိုးဆက်လက်ရွာသွန်းမှုဖြစ်ပေါ်ကာ ယနေ့ မွန်းလွဲ ၁၂နာရီခွဲမှ စတင်၍ ယခင်ဩဂုတ် ၉ ရက်နေ့ထက် ရေပိုမိုတက်လာခဲ့ခြင်းဖြစ်ပြီး ရေချောင်းနှင့်အနီးဆုံး ဈေးတန်းရပ်ကွက်၊ ဝမ်မပျဉ်းရပ်ကွက်နှင့် ရွာမကြီးအရှေ့ရပ် ကွက်ရှိ လူနေ အိမ်အချို့ ရေနစ်မြှုပ်ခြင်း ဖြစ်ပေါ်ခဲ့ပါသည်။ ပြည်သူများထိခိုက်ဒဏ် ရာရဆုံးရှုံးမှုမရှိ၊ ရေနစ်မြှုပ်ခံရသည့်ရပ်ကွက်နေပြည်သူများစာရင်းကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူ များက ရပ်ကွက်အတွင်းသို့ ကွင်းဆင်းစာ ရင်းကောက်ယူလျက်ရှိပါသည်။

လူနေအိမ်များရေနစ် မြှုပ်လာသည်နှင့် တပြိုင်နက် ရေနစ်မြှုပ်လျက်ရှိသည့်ရပ်ကွက် အသီးသီးရှိပြည်သူများရေဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေး ဌာနမှတာဝန်ရှိသူများ၊မြို့နယ်ရဲတပ်ဖွဲ့ ဝင်များနှင့်ဒေသခံပြည်သူလူထုများက ရေနစ်မြှုပ်နေအိမ်များမှ ပစ္စည်းများအား ရွှေ့ပြောင်းသယ်ယူကူညီပေးခြင်း၊ ခရိုင်ဘေးစီမံဦးစီးဌာနမှ ရေဘေးလွတ်မြောက်ရေး ကြိုတင်ပြင်ဆင်သင့်သောအသိပညာပေး ခြင်းများအား ရပ်ကွက်နေပြည်သူများထံ လှည့်လည်အသိပေးနှိုးဆော်ကြေညာပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)