ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာ အခြေခံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အခြေခံကွန်ပျူတာကျွမ်းကျင်မှု သင်တန်း(၈/၂၀၂၂))၊ အဆင့်မြင့် ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှုသင်တန်း(၄//၂၀၂၂) နှင့် လက်တွေ့အသုံးချ ကွန်ပျူတာကျွမ်းကျင်မှု (Database) သင်တန်းအမှတ်စဉ် (၇//၂၀၂၂))သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၁နာရီက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ e-Government ကော်မတီဝင်များ၊ သင်တန်းဆရာ/ ဆရာမများ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာ အချင်းချင်း အပြန်အလှန်ဆက်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများအား ထိန်းကျောင်းရေးနှင့် ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းများအား ဆောင်ရွက်ရန်အတွက်အခြေခံလိုအပ်ချက်များ ဖြစ်သည့်  နည်းပညာအခြေခံအဆောက်အအုံ (Digital Infrastructure) လုံခြုံ မှုရှိသော သီးခြားကွန်ရက်ချိတ်ဆက်မှု (Private Network) နှင့် လုပ်ငန်းလည်ပတ်ရန် ကျွမ်းကျင်မှုရှိသော လူ့စွမ်းအားအရင်းအမြစ် (Skilled HR) များ ဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး Digital Government / e-Government တစ်ရပ်ဖြစ်လာရေး အကောင်အထည်ဖော်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ e-Government စနစ် အကောင်အထည် ဖော်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီကို စနစ်တကျဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ e-Government စနစ် အောင်မြင်စွာ အကောင် အထည်ဖော် နိုင်ရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ တိုင်းဒေသကြီး အဆင့် အစိုးရဌာနဆိုင်ရာများအားလုံး e-Government စနစ်တွင် ပါဝင်ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် ရည်ရွယ်ပြီး ဌာနဆိုင်ရာအသီး သီးမှ သင်တန်းသားများအား ဖိတ်ခေါ်၍

 e-Government သင် တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါ‌ကြောင်းဆပ်ကော်မတီ () ခုအနက်တစ်ခုဖြစ်တဲ့ ဒီဂျစ်တယ်အသိပညာဖွံ့ဖြိုးရေးဆပ် ကော်မတီမှ ကြီးမှူးကာ Government Training Center (အိမ်နီ တော် အဆောက်အဦ) မှာ ကွန်ပျူတာ နည်းပညာဆိုင်ရာ သင်တန်းများကို အဆက်မပြတ်ဖွင့်လှစ် သင်ကြားပြီး  ရန်ကုန်တိုင်းဒေသကြီး အစိုးရဌာနများအတွင်း ဝန်ထမ်းများရဲ့  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ တစ်ဦးချင်းစီတိုင်းရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု အရည်အသွေးများ ဖြစ်တည်ဖွံ့ဖြိုးလာစေရန် ရည်ရွယ် ပြီးဆောင်ရွက်ပေးနေတာဖြစ်ပါကြောင်း၊ ယခုဆိုရင်ကွန်ပျူတာ အခြေခံ ကျွမ်းကျင်မှုသင်တန်း () ကြိမ်ဖြင့် သင်တန်းသား (၂၄၀) ဦး၊အဆင့်မြင့်ရုံးသုံးကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း() ကြိမ်ဖြင့် သင်တန်းသား (၈၀)ဦး၊  လက်တွေ့အသုံးချ (အဆင့်မြင့်) ကျွမ်းကျင်သင်တန်း () ကြိမ်ဖြင့် သင်တန်းသား (၁၄၀) ဦး စုစုပေါင်း သင်တန်းသား (၄၆၀) ဦးတို့ကို အောင်မြင်စွာ ခေါ်ယူဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး ဖြစ်လို့ရန်ကုန်တိုင်းဒေသကြီး အတွင်းအစိုးရဌာနဆိုင်ရာများအတွက် ပြန်လည် အကျိုးပြုမယ့် သင်တန်းသား စုစုပေါင်း (၄၆၀) ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ e-Government Training Center အနေနဲ့  ဌာနဆိုင်ရာအသီးသီးရဲ့ လိုအပ်ချက်များအလိုက် သက်ဆိုင်ရာ သင်ရိုးများကိုလည်း သင်ကြားရေးတာဝန်ခံများနှင့် ပေါင်းစပ်ပြီး သင့်တော်သလို ထပ်မံရေးဆွဲပြီး အစိုးရဌာနဆိုင် ရာများအတွက် သင်ကြားရေးနဲ့ ပြန်လည်အသုံးချရေး လုပ်ငန်း စဉ်များ ဆက်လက်အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ သင်တန်းသားများ အနေနဲ့ သင်တန်းအသီးသီးကနေသင်ကြားတတ်မြောက်ခဲ့တဲ့ ကျွမ်းကျင်မှုများကိုမိမိတို့ ဌာနဆိုင်ရာ အသီးသီးမှာထိထိရောက်ရောက်ပြန်လည်အသုံးချနိုင်အောင် နိုင်ငံအကျိုးကို ပညာ ရပ်နဲ့ ရွက်သယ်ပိုးနိုင်တဲ့ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားပြီး ထပ်မံဖွင့်လှစ်မယ့် အဆင့်မြင့်သင်တန်းများကိုလည်း ဆက်လက်တက်ရောက်နိုင်အောင် ကြိုးစားကြပါလို့ ပြောကြားသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းတွင်ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီးအတွင်းရေးမှူးက သင်တန်းဆင်းလက်မှတ်ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများကသင်တန်းသူ၊ သင်တန်းသားများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်