ပထမနှစ် (ဒုတိယနှစ်ဝက်) နှင့် ဒုတိယနှစ်ဝက် (ပထမနှစ်ဝက်) သင်တန်းတို့၏ နှစ်ဝက်ဆုံးဆုပေးပွဲကျင်းပ

တောင်ကြီး     သြဂုတ်  ၁၃

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန ၊ တောင်ကြီး ပညာရေးဒီဂရီကောလိပ် ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းတို့၏ နှစ်ဝက်ဆုံး ဆုပေးပွဲနှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားပညာရှင်များအား ကျေးဇူးတင် ဂုဏ်ပြုလွှာပေးအပ်ပွဲကို ယမန်နေ့ညနေ ၃ နာရီက တောင်ကြီးမြို့ ပညာရေးဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။

နှစ်ဝက်ဆုံးဆုပေးပွဲတွင်  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ကိုယ်စားပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက  နိုင်ငံအတွက်လိုအပ်သော ပညာအခြေပြုလူ့စွမ်းအားအရင်းအမြစ်များစွာကို မွေးထုတ် ပေးနိုင်ရန် အဓိက အခန်းကဏ္ဍမှ တာဝန်ယူရမည့်သူများ စိတ်ရောကိုယ်ပါကျန်းမာကြံ့ခိုင်ပြီး ဆရာအတတ် ပညာအရည်အသွေး ပြည့်ဝကျွမ်းကျင်သော ဆရာ၊ဆရာမများဖြစ်ပါကြောင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ပညာရေး ကောလိပ်များကို ပညာရေးဒီဂရီကောလိပ်များအဖြစ် ၂၀၂၀ ပြည့်နှစ် စက်တင် ဘာ(၁)ရက်နေ့မှာ အဆင့်မြင့်တင် ပေးခဲ့ပါကြောင်း၊ ယခုပညာသင်နှစ်မှာ၄-နှစ်သင်၊ ပထမနှစ်၊ (ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းတို့ကို ၂၀၂၂ခုနှစ်မေလ(၁၂)ရက်နေ့မှသြဂုတ်(၁၂) ရက်နေ့ထိ နှစ်ဝက်သင်တန်းကာလ ၂၀၂၂ခုနှစ်သြဂုတ်လ (၁၄)ရက်နေ့ မှ သြဂုတ်(၁၆)ရက်နေ့ထိ ကိုယ်ပိုင် စာကြည့်ချိန်ကာလ ၂၀၂၂ခုနှစ်သြဂုတ်လ(၁၇)ရက်ရက်နေ့မှ သြဂုတ်(၂၆)ရက်နေ့ထိနှစ်ဝက် စာမေးပွဲကာလ တို့ကို ဖွင့်လှစ်သင်ကြား ပို့ချပေးနေပါကြောင်း၊ တောင်ကြီး ပညာရေးဒီဂရီကောလိပ်မှာ ပထမနှစ် (ဒုတိယ နှစ်ဝက်)(၁၆၁)ဦးနှင့် ပထမနှစ်(ပထမနှစ်ဝက်)(၂၉၀)ဦးတို့ကို လက်ခံပြီး စခန်းသွင်းသင်ကြားလေ့ကျင့်ပေး နေသည့်ကို သိရှိရပါကြောင်း၊ နှစ်ဝက်သင်တန်းကာလအတွင်း သင်တန်း၏ ပုံမှန်လုပ်ငန်းစဉ်များအရ ဆောင်ရွက်ခဲ့သော ဘာသာရပ်အလိုက် လှုပ်ရှားမှုများနှင့်စီမံချက်အရ ဆောင်ရွက် နေသောအားကစားနည်း (၉)မျိုးရှိပါကြောင်း၊ အားကစားနည်း(၉)မျိုးမှာ ဘောလုံး၊ဘော်လီဘော၊ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ပြေးခုန်ပစ်၊Physical Fiteness Dance တို့ဖြစ်ပြီး တောင်ကြီးပညာ ရေးဒီဂရီကောလိပ် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ရှမ်းပြည်နယ် ဂုဏ်ထူးဆောင်၊ ဆရာအတတ် ပညာဦးစီးဌာန ဂုဏ်ဆောင်၊ ပညာရေးဝန်ကြီးဌာန ဂုဏ်ထူးဆောင်၊ ထိုမှတစ်ဆင့်နိုင်ငံ့ဂုဏ်ထူးဆောင် အားကစား သမားများဖြစ်လာသည်အထိကြိုးစားကြရန်ပြောကြားသည်။  

ဆက်လက်၍ တောင်ကြီး ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားပညာရှင်များ ၊ ဂီတ ပညာရှင်များအား ကျေးဇူးတင် ဂုဏ်ပြုလွှာများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား/သူများ၏ ကဗျာလွတ် စွမ်းရည်ပြသခြင်း၊ Fitness Dance စွမ်းရည် ပြသခြင်း၊ ကျောင်းသားများ၏ ရိုးရာဝိုင်းခြင်း စွမ်းရည်ပြသခြင်း၊ တောင်ကြီး ပညာရေးဒီဂရီကောလိပ်မှ နည်းပြ ဒေါ်သန္တာထွန်းက  " တပင်တိုင် " အက ဖြင့် စွမ်းရည်ပြသကြပြီး ထူးချွန်ကျောင်းသား/သူများအား နှစ်ဝက်ဆုံးဆု ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)