ဒဂုံမြို့နယ်တွင်​ကျောင်းကျန်းမာ​ရေး ရက်သတ္တပတ်ပြိုင်ပွဲများဆု​ပေးပွဲနှင့်ပိတ်ပွဲ အခမ်းအနားကျင်းပ

ဒဂုံ   သြဂုတ်  ၁၃

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ဒဂုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်​ကျောင်းကျန်းမာ​ရေးလှုပ်ရှားမှုများ အနက်Board ပြိုင်ပွဲ၊ မီဒီယာများမှ​ပြော​သော ကျန်းမာ​ရေးသတင်းစကားများ (ဖြတ်၊ညှပ်၊ကပ်)မှတ်တမ်း၊ ဆု​ပေးပွဲများနှင့် ပိတ်ပွဲအခမ်းအနားအား ယ​မန်နေ့နံနက်၉ နာရီက အ​မှတ်(၁)အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ၊ ပြည်သူ့ကျန်းမာ​ရေးဌာနမှဌာနမှူး၊ ဒုတိယညွှန်ကြား​ရေးမှုးချုပ်​ဒေါက်တာမြင့်သန်းထွန်းက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး၊ အထက(၁)ဒဂုံမှ​ကျောင်းအုပ်ဆရာကြီး ဦးသန်းနိုင်က ​ကျေးဇူးတင်စကား​ပြန်လည် ပြောကြားခဲ့သည်။

ထို့​နောက် ပြုံးအလှပိုင်ရှင်ပြိုင်ပွဲ၊ တစ်ကိုယ်​ရေသန့်ရှင်းမှုပြိုင်ပွဲ၊ ကျပန်းစကား​ပြောပြိုင်ပွဲ၊ Board ပြိုင်ပွဲ၊ ကျန်းမာ​ရေးသတင်းစကားပြိုင်ပွဲ၊ အာဟာရအုပ်စုပြိုင်ပွဲ စသည့် ပြိုင်ပွဲအသီးသီး တွင်ဆုရရှိသူများအား ​ဒေါက်တာ မြင့်သန်းထွန်း၊ ဒဂုံမြို့နယ်ပညာ​ရေးမှူး ​ဒေါ်သင်းသင်းမြိုင်၊ ဆရာကြီးဦးသန်းနိုင်၊​ ဒေါက်တာ​အောင်ခင်၊​ ဒေါက်တာ​ကောင်းမြတ်သူ၊​ ကျောင်းအကျိုး​တော်​ဆောင် ဦးနေဝင်းတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြ​ပြီး​ ကျောင်းသား​၊ ကျောင်းသူ​လေးများက​တေးသရုပ်​ဖော်များဖြင့်​ ပြန်လည် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

​မေသန္တာ