ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၅)နှစ်မှ(၁၈)နှစ်အထိ ကျောင်းသား/ သူများအား ယနေ့နံနက (၉) နာရီခွဲအချိန်က အခြေခံပညာ အလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်း၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့၌ အ.ထ.က (၁) ကျောင်း၊ အ.ထ.က (ခွဲ) (၂)ကျောင်း၊ အ.လ.က (၃) ကျောင်း၊ အ.မ.က (၁၃) ကျောင်း၊ မူလွန်(၂)ကျောင်း၊ စုစုပေါင်း(၂၁)ကျောင်းရှိရာ အ.လ.က (ပြည်ကြီးမဏ္ဍိုင်) ကျောင်းဆောင် ခန်းမတွင် အ.လ.က (ပြည်ကြီးမဏ္ဍိုင်) ကျောင်းရှိ အသက်(၁၂)နှစ်မှ (၁၈) နှစ်အထိ ကျား (၁၁) ဦး၊ မ(၁၃)ဦး စုစုပေါင်း (၂၄) ဦးအား ပထမအကြိမ်အဖြစ်လည်းကောင်း၊ ကျား (၃၂)ဦး ၊ မ(၄၆)ဦး စုစုပေါင်း(၇၈) ဦးအား တတိယအကြိမ် Booster (ထပ်ဆောင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအားလည်းကောင်း၊ အ.မ.က (ရေနောက်ချောင်း) ကျောင်းမှ အသက်(၅)နှစ်မှ (၁၂)ထိ ကျား (၄၁)ဦး၊ မ(၃၁)ဦး စုစုပေါင်း(၇၂)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးခဲ့ရာ မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းမှ ပြောကြားသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆေးထိုးနှံပေးပြီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ဆေးထိုးပြီးသူများအား မိနစ်(၃၀)ခန့် နားနေစောင့်ကြည့်ခြင်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)