နမ့်ခမ်း ဩဂုတ် ၁၂
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန် နမ့်ခမ်းမြို့၊ အမှတ်(၁၃)ရပ်ကွက်၊ နေဝန်းနီ (IDPs)တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများမှ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် တုပ်ကွေးရောဂါနှင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေများ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် နမ့်ခမ်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုင်းညီမောင်ဘဦးက မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ စစ်၊ လဲ စသည့် ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စန်း (IDPs) တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများမှ ကလေးသူငယ်များနှင့် ပတ်သတ်သည့် ကလေးသူငယ်ဆိုင်ရာ ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
လက်ဆက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီမှ ထုတ်ဝေသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေး လက်ကမ်းစာစောင်ကို နေဝန်းနီ (IDPs)တိုက်ပွဲရှောင်စခန်းရှိ ပြသူများမှ ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)