မက်မန်းမြို့၌ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

မက်မန်း ဩဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမက်မန်းခရိုင်၊ မက်မန်းမြို့၌ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ(၃)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ တွင်ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က မက်မန်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ စီမံကိန်းလုပ်ငန်းများအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် စီမံကိန်းလုပ်ငန်းများလျာထားရာတွင် ဒေသအကျိုးအတွက် အမှန်တကယ်လိုအပ်မည့် လုပ်ငန်းများကို လျာထားရေးဆွဲကြရန် အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်  ဆောင်ရွက်ချက်များ၊ လျာထားချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ဌာနဆိုင်ရာအလိုက် တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ဆောင်ရွက်သွားရန် ညှိနှိုင်းဆွေးခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)