လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ရက်သတ္တပတ်ကျောင်းအခြေပြုသန်ချဆေးတိုက်ကျွေးခြင်းဆောင်ရွက်

လောင်းလုံး သြဂုတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှု ရက်သတ္တပတ် ကျောင်းအခြေပြုသန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ အ-ထ-က၊ လောင်းလုံးကျောင်းနှင့် အ-မ-က (က)ရပ်ကွက်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် လောင်းလုံးမြို့နယ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်စေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပြီး သန်ချဆေးတိုက်ကျွေးခြင်းကို သြဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဆက်လက်တိုက်ကျွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သန်ချဆေးတိုက်ကျွေးရာ၌ လောင်းလုံးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဌာနမှ ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများတို့က ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)