ကျောက်တလုံးကြီးမြို့တွင် School Milk Program အစီအစဉ်ဖြင့် ကျောင်သား/သူများအား နွားနို့တိုက်ကျွေး

ကျောက်တလုံးကြီး ဩဂုတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာအုပ်စုလုံကား အ.ထ.က ကျောင်းတွင် School Milk Program အစီအစဉ်ဖြင့် နွားနို့တိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီခန့်က တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါ School Milk Program အစီအစဉ်ဖြင့် နွားနို့တိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ တောင်ကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ အောင်မင်းထွန်းတို့က နွားနို့(၃၅၀)စီစီ (၄၅၀)ဗူးကို ကျောင်းသား/သူများအား တိုက်ကျွေးဆောင်ရွက်ခဲ့သည်။

စည်သူ(ပြန်/ဆက်)