မံစီ ဩဂုတ် ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ကောင်ရာ) ကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲကို ကျောင်းသားလူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန်၊ ဘက်စုံဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲသို့ တက်ရောက်လာသည့် အခြေခံပညာအလယ်တန်းကျောင်း (ကောင်ရာ)မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးဂျော်အောင်းဖုန်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးတို့က “လူငယ်နှင့် ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် ကဏ္ဍအလိုက် အသီးသီး အသိပညာပေး ဟောပြောခဲ့ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်အားကစားမှူး ဦးစိုးဝင်းသန်းက အားကစားအကြောင်း အသိပညာပေးဟောပြောကာ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်းက လက်ခံခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)