မိုးမောက် သြဂုတ် ၁၂
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီ၌ အ.ထ.က ကြံခင်းကျောင်း ကွင်းပြင်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲကျင်းပ ပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလတ်က လူငယ်နှင့်ခေါင်းဆောင်မှု အကြောင်းဟောပြောခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ကေသီဝင်းက ခေါင်းဆောင်တစ်ဦးတွင် ရှိသင့်သော အရည်အချင်းများ အကြောင်းဟောပြောခြင်းနှင့် မြို့နယ် ပြန်/ဆက် မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက ခေါင်းဆောင်ဆိုသည်မှာဟူသော အကြောင်းအရာများဟောပြောခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးခန့်ကိုအားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခြင်းနှင့် အားကစားဆိုင်ရာ ပစ္စည်းများ ဘောလုံး(၁)လုံး၊ ဘောလီဘော (၁)လုံး ၊ ပိုက်ကျော်ခြင်း (၂)လုံး ၊ ဖူဆယ် ဘောလုံး (၁)လုံး ၊ ပိုက်ကျော်ခြင်း ပိုက် (၁)ခု စုစုပေါင်း တန်ဖိုး ကျပ်(၁) သိန်းတန်ဖိုးရှိ ပစ္စည်းများကို မြို့နယ် အား/ကာမှူး ဦးဇော်မင်းလတ်က ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်တောင်က လက်ခံရယူခဲ့ကြောင်းသိရှိရသည်။
လွန်းနန်းထွေး