ကလိန်အောင်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

ကလိန်အောင် ဩဂုတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် အသက်(၁၅)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးအောင်နိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်သဲစုဝိုင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များတို့ပူးပေါင်း၍ ကလေးသူငယ်များ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါဘယကင်းရှင်းစေရေးအတွက် အသက်(၅)နှစ်မှ(၁၅)နှစ်ထိ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေးခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့