မိုင်းခုတ်မြို့၊ ရှုခင်းသာ(၂)ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

မိုင်းခုတ် ဩဂုတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ရှုခင်းသာ(၂)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ(၁၈) ဦးအား ဩဂုတ် ၁၀ ရက် နံနက် ၉ နာရီက ကျောင်းဝတ်စုံနှင့် ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို မိုင်းဆတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်နှင့်အဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျောင်းသား/သူတစ်ဦးလျှင် ကျောင်းဝတ်စုံ(၁)စုံစီဖြင့် (၁၈)ဦးအတွက် (၁၈)စုံ၊ စာရေးကိရိယာပစ္စည်းများနှင့် အာဟာရဖြည့်သစ်သီးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသန္တာထွန်းအား ကျောင်းဝတ်စုံနှင့် ငွေကျပ်တစ်သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)