တန့်ယန်း သြဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ဖြစ်သည့် သြဂုတ်လ(ဒုတိယပတ်)တွင် ကျောင်းသား၊ ကျောင်းသူများအားလုံးကို ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်းကို သြဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ညနေပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
အဆိုပါ ကျောင်းကျန်းမာရေး သီတင်းပတ် ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်း၌ တန့်ယန်းခရိုင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စန်းသီတာညွန့်၊ မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ရွှေဇင်အောင်နှင့် တာဝန်ရှိသူများက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေး တိုက်ကျွေးပေးရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန်နှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)