လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

လှိုင် ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ကြိုတင်ကာကွယ်မှု ဆောင်ရွက်ရာတွင် ခြင်ဆေးဖျန်းခြင်း၊ ရေစည်၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လန်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေမှုများကို  ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွှက်ခြင်းကို မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့ခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရသည်။

ကျော်ရဲအောင်ပြန်/ဆက်)