ခရမ်းမြို့နယ်တွင် GIS နည်းပညာအသုံးပြု၍ ရပ်ကွက်၊ ကျေးရွာတည်နေရာ point များ လက်တွေ့ကွင်းဆင်းကောက်ယူ

ခရမ်း  ဩဂုတ် ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ရပ်ကွက်ကျေးရွာများတွင် GIS နည်းပညာအသုံးပြု၍ ရပ်ကွက် /ကျေးရွာတည်နေရာ  point  များ လက်တွေ့ကွင်းဆင်း ကောက်ယူခြင်းကို ယနေ့နံနက် (၁၀:၀၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်၊ကျေးရွာ တည်နေရာ point များ ကောက်ယူခြင်းမှာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်သည့်အနေဖြင့် GIS နည်းပညာအသုံးပြု၍ မြေပုံများရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များဖွဲ့စည်းခြင်း လုပ်ငန်းစဉ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန်ရှိသဖြင့်  ခရမ်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ရုံးမှ  ရပ်ကွက်၊ ကျေးရွာ point များ ကောက်ယူခြင်းကို Tablet (သို့) Mobile Phone များဖြင့် ၂-၈-၂၀၂၂ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သန်းထံမှ သိရသည်။

ရပ်ကွက်ကျေးရွာတည်နေရာ point များ ကောက်ယူရာ၌ စာရင်းကောက်ယူမည့် ဒေသများ ကျန်ခြင်း၊ ထပ်ခြင်းမရှိစေရန်အတွက် နယ်နမိတ်တိကျသည့် စာရင်းကောက်ကွက်များ၊ ပိုင်းခြားသတ်မှတ်နိုင်ရန်နှင့် စာရင်းကောက်ယူမည့်ဒေသကို မြေပုံများဖြင့်တိတိကျကျ ညွှန်ပြနိုင်ရန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ရုံး၀န်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ တည်နေရာ point များ ကောက်ယူခြင်းကို  ခရမ်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ရုံးမှ လဝကမှူး ဒေါ်ခင်သန္တာအေး၊ လက်ထောက် လဝကမှူး ဦးခိုင်သူလင်း ဦးစီး၍ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)