ကရသူရိမြို့တွင်  အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအသိပေးနှိုးဆော်

ကရသူရိ  ဩဂုတ်  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ပြည်သူများအား အိုမီခရွန်မျိုးရိုးဗီဇပြောင်းကိုဗစ်-၁၉ရောဂါကာကွယ်ရေးအသိ ပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀နာရီက အမှတ် (၃)ရပ်ကွက်တွင် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူများအနေဖြင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်တွက်  အပြင် ထွက်သွားလာတိုင်း  နှာခေါင်းစည်း(Mask)ကိုတပ်ဆင်ပါ၊  လူစုလူဝေးရှောင်ကြဉ်ပါ၊  ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးကိုအကြိမ်ပြည့် ပြီးစီးအောင်ထိုးနှံထားကြပါရန်၊ ကာကွယ်ဆေးထိုးနှံပြီးစီးသော်လည်း ကျန်းမာရေးဝန်ကြီး ဌာန၏ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ကြရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)