လိပ်သို သြဂုတ် ၁၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် ကျောင်းကျန်းမာရေး စစ်ဆေးအသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉)နာရီခွဲတွင် အမှတ် (၆၀၃) ခြေမြန်တပ်ရင်းတွင် ဖွင့်လှစ်ထားသော အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းသား/သူ ကလေးငယ်များအား တစ်ကိုယ်ရည်သန့်ရှင်းရေး အကြောင်း၊ သံကောင်မှဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ ခံတွင်းသန့်ရှင်းရေး အကြောင်းများကို ဟောပြောရှင်းပြပြီး လက်ဆေးခြင်း၊ သွားတိုက်ခြင်းတို့ကို လက်တွေ့သင်ပြလုပ်ဆောင်စေကာ ကျန်းမာရေးစစ်ဆေးခြင်းများ၊ သံချဆေးတိုက်ကျွေးခြင်းများ၊ လိုအပ်သောဆေးဝါးများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေး အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ရာသို့ နောက်တန်းမှူး ဗိုလ်မှူးစိုးဝင်းထွန်းမှ လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လိပ်သို(ပြန်/ဆက်)