နမ့်ဆန် ဩဂုတ် ၉
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့်အတူအဖွဲ့ဝင် ဗိုလ်မှူးကျော်ညီညီသိန်း၊ ယာယီရဲမှူး သန်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာ ဒေါ်မိုမိုသော် တို့က ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဇယန်းကြီးကျေးရွာ ပတ္တမြားစေတီတွင် ပြန်လည်ပြုပြင်လျက်ရှိသော ဘုရားငါးဆူကန္ဓကုရိတိုက်သို့ရောက်ရှိရာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဦးပညာသီရိ ကပြင်ဆင်ပြီးစီးမှု အခြေအနေများအား လိုက်လံရှင်းလင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက် က လိုအပ်သည်များကို မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးရုံးသို့ရောက်ရှိရာ ရုံးရှေ့မြေနေရာ ကွက်လပ်တွင် အများပြည်သူ အပန်းဖြေပြီး အားကစားပြုလုပ်နိုင်ရန်အတွက် အားကစားပစ္စည်းများထားရှိရန် မြို့နယ်ပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်လေးက ရှင်းလင်းတင်ပြရာ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်အင်ဂျင်နီယာတို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)