ကွန်ဟိန်း ဩဂုတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် ပြိုင်ပွဲများအား ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကျန်းမာခြင်းသည်လာဘ်တစ်ပါး ခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ၊ ကျန်းမာပျော်ရွှင် ပညာသင် ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ၊ ကျန်းမာသန့်ရှင်း ရောဂါကင်း ခေါင်းစဉ်ဖြင့် ကာတွန်းရေးဆွဲပြိုင်ပွဲများ ပါဝင်ပါသည်။
အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၂) ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)